|
|
အီး ဒိုင်ယာရီWednesday, June 30, 2010 | 3:46 PM |
နှင်းဆီဖြူ blog လေးတောင် မဖွင့်ဖြစ်တာကြာပါပြီ... လူကနေလောင်ထားတာကြောင့် စိတ်ဓာတ်ကျနေတာနဲ့ဘာမှကိုသိပ်မလုပ်ဖြစ်တာ... game နဲနဲပြန်ဆော့တာတောင် မကြာသေးပါဘူး.... နှင်းဆီဖြူ အဲလိုပြောတော့ မယုံကြပါဘူး.. နေလောင်တာလေးနဲ့ စိတ်ညစ်စရာလား ဆိုပြီး ထင်ကြပါတယ်.. ဟုတ်ပါတယ် တော်ရုံတန်ရုံနေလောင်တာ မဟုတ်လို့ပါ... 3 Dancing Queen and Prince Saysအခုဆို ဆေးရုံမှာ skin specialist နဲ့ကုနေရပါတယ်... အဲလောက်ဆိုးတာ..း(.... ခုတော့ တော်တော်သက်သာသွားပါပြီ... game တွေလဲ ပြန်ဆော့နိုင်ပြီ....း) .... အလုပ်လဲ လုပ်ရတော့မယ်...း) လူလဲခုမှစိတ်သက်သာရာ ရသွားတော့တယ်... နောက် နှင်းဆီဖြူ ဟင်းချက်ထားပါတယ်.. ချက်ထားတာတော့ ကြာပြီ... ပုံကဖုန်းထဲမှာပဲ သောင်တင်နေတော့.. ဘယ်သူ့မှ မကျွေးဖြစ်ဘူးဖြစ်နေတာ... စားကြပါ.. စားကြပါ.. ဟိဟိ.. ဒီဟင်းက ပထမဆုံး တစ်ယောက်ထဲချက်ထားတာပါ... ကွိကွိ.. စားကြနော်.... မကောင်းရင်လဲ ကောင်းတယ်လို့မှတ်ပြီး.. စားလိုက်ပါ.. :P ကြက်သားနဲ့ အာလူးပါရှင့်...း) တကယ်စားလို့ကောင်းတယ်... ကိုယ့်ဘာသာချက်လို့လာတော့သိဘူး... |