|
|
နှင်းဆီအတွေးSunday, June 6, 2010 | 5:20 PM |
3 Dancing Queen and Prince Saysငါ ကြာကြာ မတောင်းဆိုပါဘူး.. ငါ့နေရာမှာ ငါးမိနစ်လောက်လာနေကြည့်ပါ... နင်သည်းခံခြင်းဆိုတာနားလည်လာလိမ့်မယ်.... လူတိုင်းလူတိုင်းမှာ သည်းခံမှုတွေနဲ့ ပြည့်နေရင်...... လူတိုင်းလူတိုင်းမှာ စွန့်လွှတ် အနစ်နာခံမှုတွေနဲ့ ပြည့်နေရင်.... လူတိုင်းလူတိုင်းမှာ သနားစာနာမှုတွေနဲ့ ပြည့်နေရင်.... လောကမှာ ခိုက်ရန်ဖြစ်ပွားခြင်းတွေရှိနိုင်ဦးမလား???? လောကမှာ မောက်မာ မော်ကြွားမှုတွေ ရှိနိုင်ဦးမလား???? လောကမှာ ဆာလောင်မွတ်သိပ်မှုတွေ ရှိနိုင်ဦးမလား???? အေးချမ်း သာယာမှုအတွက် ငါတစ်ယောက်ထဲ ပြောင်းလဲရုံနဲ့ မပြီးဘူးလို့ဆိုတာ မှန်ပါတယ်.... ဒါပေမယ့် ငါဟာ လောကထဲမှာရှိနေသ၍ လောကရဲ့ တစ်စိတ်တစ်ပိုင်းဖြစ်တယ်.... ငါ့ရဲ့ သည်းခံမှုဟာ.. လူတစ်ချို့ကို ပျော်ရွှင်မှုပေးနိုင်လိမ့်မယ်.... ငါ့ရဲ့ စွန့်လွှတ် အနစ်နာခံမှုဟာ.... လူတစ်ချို့ကို စိတ် (သို့မဟုတ်) ကိုယ်ချမ်းသာမှုပေးနိုင်လိမ့်မယ်... ငါ့ရဲ့ သနားစာနာမှုဟာ... လူတစ်ချို့ရဲ့ ဘဝကို ကယ်တင်နိုင်လိမ့်မယ်........ လောကကြီးနဲ့ ပတ်သတ်နေတဲ့ လူတိုင်းဆိုတဲ့ အများဆိုင်နာမ်ထဲမှာ မင်းရောငါရောပါတယ်ဆိုတာ ဘယ်တော့မှ မမေ့ပါနဲ့....... နှင်းဆီဖြူ Labels: နှင်းဆီအတွေး |