|
|
ဘာကြောင့်လဲ??Wednesday, May 5, 2010 | 10:32 AM |
ဘာကြောင့်လဲ... ဘာကြောင့် အချစ်က နူးညံ့ရတာလဲ... အဲလောက်တောင်ပဲ တကယ် နူးညံ့လို့လား... အဲလောက်တောင်ပဲ အပြစ်ကင်းစင်လို့လား... တစ်ခါတစ်လေ ငါသိတယ်... ငါနားလည်တယ်လို့ ထင်ထားတဲ့ အချစ်က ငါနဲ့ အဝေးကြီးမှာ ဖြစ်နေတတ်တယ်.... ဘာ့ကြောင့်လဲ..... 3 Dancing Queen and Prince Saysphysic defination တစ်ခုကို သွားသတိရမိတယ်... "Atoms cannot be created nor destroyed" တဲ့... အချစ်စစ်ဆိုတာကရော.... နှင်းဆီဖြူ အထင်တော့ အချစ်စစ်ဆိုတာလဲ ဖန်တီးယူလို့ မရသလို ဖျက်ဆီးပစ်ဖို့လဲ မဖြစ်နိုင်ပါဘူး..... ပြီးတော့ ရှားပါးတယ်.... အရမ်းရှားပါးတယ်.... ချစ်သူရည်းစားတွေ ပြောလေ့ရှိတယ်.... နင့်ကို ပင်လယ်ကြီးလောက်ချစ်တယ်... ကောင်းကင်ကြီးလောက် ချစ်တယ်တဲ့..... ဘယ်လောက် ချစ်တယ်ဆိုတာရော တိုင်းတာလို့ ရနိုင်လို့လား... တိုင်းတာလို့ ရရင်ရမှာပါ... ဒါပေမယ့် ပင်လယ်တွေ ကောင်းကင်တွေ စင်္ကြာဝဠာတွေနဲ့ တော့ မဟုတ်ဘူး.... နားလည်မှုတွေ ခွင့်လွတ်မှုတွေ ပေးဆပ် အနစ်နာခံမှုတွေနဲ့ပါ...... လူတော်တော်များများက ပြောကြတယ်... အချစ်ဆိုတာ ပျော်ရွှင်မှုတွေပေးတယ်တဲ့.... နှင်းဆီဖြူကတော့ သိပ်လက်မခံချင်ဘူး... အချစ်က ကျေနပ်ခြင်းတွေပေးတာတယ်လို့ ထင်တယ်..... တကယ်ချစ်မိပြီဆို အချစ်နဲ့ ပတ်သတ်တာတွေ အားလုံးကို ကျေနပ်နေတတ်တယ်.... အချစ်ကြောင့် ပျော်ရွှင်မှုတစ်ခုတည်း မရပါဘူး.... ဝမ်းနည်းရတယ်... နာကျည်းရတယ်.. ခံစားရတယ်.... ဒါတွေ အကုန်လုံးကို ကျေနပ်နှစ်သိမ့်နိုင်တာ “အချစ်”ပါပဲ.... နှင်းဆီဖြူ Labels: နှင်းဆီအတွေး |