|
|
အထင်နဲ့ အမြင်Sunday, January 31, 2010 | 5:58 PM |
0 Dancing Queen and Prince Says“အထင်နဲ့ အမြင်” ကိုယ်မြင်နေတာတွေက အမှန်တွေပဲလား... နှင်းဆီဖြူ ခဏခဏတွေးမိတယ်.... နှင်းဆီဖြူပြောနေတာတွေက သရဲတွေ တစ္ဆေတွေ အကြောင်းပြောမလို့ မဟုတ်ပါဘူး... လောကမှာ မျက်လုံးကြီးနဲ့ တပ်အပ်မြင်နေရတာတွေကိုပါ... လူတွေဟာတစ်ခါတစ်လေ ကိုယ်မြင်နေတာကို ပဲ အမှန်လို့ ထင်နေတတ်တယ်... သူများဘယ်လိုမြင်မှာလဲ... အမှန်တကယ်ကရော သူမြင်နေသလို ဟုတ်ရဲ့လား ဆိုတာ တွေးကြည့်ဖို့ထက်.. ကိုယ်မြင်သလို အမှန်လို့ ယူဆလိုက်တာတွေ နှင်းဆီဖြူ ကြုံဖူးပါတယ်... အထင်လွဲတယ်တဲ့... လောလောဆယ် မှန်တစ်ချက်ကိုပဲ တွေးကြည့်ရအောင်... မှန်လို့ ခေါ်ကြထဲက သူ့ဆီမှာ ထင်တဲ့ပုံရိပ်တွေက အမှန်တွေပဲလို့ သတ်မှတ်လိုက်မှာလား... မဟုတ်ပါဘူး.. မှန်မှာတောင် အမှားတွေ အများကြီးရှာတွေ့ နိုင်ပါတယ်.... သင်ကိုင်ထားတဲ့ ဘယ်ဘက် လက်ထဲက ပစ္စည်းကို မှန်ထဲမှာတော့ ညာဘက်လက်မှာ ကိုင်ထားလိမ့်မယ်... နောက်တစ်ခုက သင်က “ကကြီး” လို့ မြင်ပေမဲ့ တစ်ခြားတစ်ယောက်က “ယပက်လက်” လို့ မြင်သလိုပေါ့... နှင်းဆီဖြူ ပြောချင်တာက ကိုယ်ထင်နေတာ ကိုယ်မြင်နေတာတွေကို သေချာမတွေးပဲ လူတစ်ယောက်ကို မထိခိုက်စေဖို့ပါ... နှင်းဆီဖြူဘာလို့ ဒါတွေပြောနေတာလဲ... ဒီရက်တွေ နှင်းဆီဖြူ စိတ်ညစ်နေပါတယ်... အဲဒီ အထင်လွဲတယ် ဆိုတာကြီးကို ကိုယ်တိုင်ကြုံရင် တကယ် ခံစားရ ခက်ပါတယ်...း( နှင်းဆီဖြူရဲ့သူငယ်ချင်းတစ်ယောက်က နှင်းဆီဖြူကို အထင်လွဲနေပါတယ်.. အခုထိလို့တော့ထင်တာပဲ.. ပိုဆိုးတာက သူ မကျေနပ်တာကို မျက်နှာချင်းဆိုင်လာ မရှင်းပဲ သူ့သူငယ်ချင်းတွေကိုပဲ ပြောတာပါ... အဲမှာ အကုန်လွဲတာပဲ... စိတ်ညစ်ပါတယ်... ဘာအကြောင်းလဲတော့ မပြောတော့ပါဘူး... နှင်းဆီဖြူကတော့ ကိုယ့်စိတ်ကိုယ်လုံတော့ မသိသလိုပဲနေလိုက်ပါတယ်... လူတွေမှာ မျက်လုံးနှစ်လုံးပါတယ် (ဟီးဟီး ..ဒါတော့တိမှာပေါ့နော်... ကွိကွိ) အဲဒီမျက်လုံးနှစ်လုံးတောင် မြင်တဲ့ အမြင်ချင်းက ထပ်တူ မကျပါဘူး... (အဲဒါပြောချင်တာ.. ဟိဟိ..) အစက အဲဒီ သယ်ရင်းက အထင်လွဲနေလို့ ကိုယ့်ကို ကောင်းကောင်းစကားမပြောတော့ ဝမ်းနည်းတာပေါ့နော်... နောက်တော့လဲ ကိုယ့်ဘာသာ ဖြေသိမ့်လိုက်ပါတယ်... ဒါမျိုးတွေလဲ ဖြစ်တတ်ပါတယ်လို့.. (ဟီးဟီး သီချင်းတော့ ဟုတ်ဝူးနော်) ခုတော့ ပျော်သွားပါပြီ... အထင်လွဲနေတဲ့သူတွေကိုလဲ မရှင်းချင်တော့ဘူး.... သူတို့ ကိုယ့်နေရာရောက်လာ ရင်တော့ သိသွားမှာပါ.. ကဲသူငယ်ချင်းတို့လဲ တူညားတွေကို သေချာမသိ သေချာမစုံစမ်းရသေးဘဲ အထင်မလွဲမိပါစေနဲ့ကွယ်... ပုံပြင်လေးကတော့ ဒါပါပဲကွယ်..... ^__________^V နှင်းဆီဖြူ Labels: နှင်းဆီအတွေး |