|
|
ကြယ်ကြွေတို့ရဲ့ အတောင်ပံFriday, January 15, 2010 | 12:09 PM |
ဒီတစ်ခါတော့ ဝတ္ထုလေး တစ်အုပ်အကြောင်း ရေးမယ်လို့ စိတ်ကူးမိတယ်... မနေ့ကမှ လတ်လတ်ဆတ်ဆတ် ဖတ်ထားတာ.. “ဂျူး” ရေးထားတဲ့ “ကြယ်ကြွေတို့ရဲ့ အတောင်ပံ” ဆိုတဲ့ဝတ္ထုလေးပါ.. ဇာတ်လမ်း အသွားအလာလေးက စိတ်ဝင်စားစရာ ကောင်းသလို မှတ်သားစရာတွေလဲ အများကြီး ပါပါတယ်.. အသက်အရွယ်မရွေး ဖတ်သင့်တဲ့ စာအုပ်လေးပါ... လူငယ်လေးတွေကလဲ မိဘမေတ္တာကို နားလည် သဘောပေါက်အောင်... အရွယ်ရောက်လာတဲ့ မိန်းမပျိုလေးတွေ အတွက်လဲ ခဏတာမှားမိတဲ့ အမှားအတွက် တစ်ဘဝတာ နောင်တ မရ ရ လေအောင်.... အိမ်ထောင်ရှင်တွေ ဖြစ်လျက်နဲ့ ဖောက်ပြန်မိရင် ရလာမဲ့ အကျိုးဆိုးတွေကိုပါ... မှတ်သားစရာ ရေးထားတာ တွေ့ရပါတယ်.. ဒါ့အပြင် လူရယ်လို့ဖြစ်လာရင် ဥာဏ်ပညာရှိခြင်း ဆင်ခြင်ဥာဏ်ပြည်စုံခြင်းနဲ့ အမှန် အမှား ကို ခွဲခွဲခြားခြားသိမြင်ခြင်းဟာ ဘဝရဲ့ တိုးတက်ရာ တိုးတက်ကြောင်းဖြစ်တယ် ဆိုတာလေးတွေကိုပါ ဒီဝတ္ထုလေးက သာဓကပြနေသလိုပါပဲ.... ဇာတ်လမ်း အကျဉ်းလေးကို ဆက်လက်ခံစားကြပါဦး..... 0 Dancing Queen and Prince Saysဇာတ်လမ်းကတော့ နောက်ကြောင်းပြန်လိုက် အခုအကြောင်းပြန်ရေးလိုက်ပေါ့.. ဒါပေမဲ့ ဂျူးလို စာရေးတာ မကျွမ်းကျင်တော့... စာဖတ်သူတွေ မျက်စိလည်ကုန်မှာ စိုးလို့ ဇာတ်အိမ်လေးကိုပဲ အကြမ်းပြောပြမယ်နော်.... နှင်းမှုန်တို့နေတဲ့ ရွာက ဧရာဝတီမြစ်ကြီးဘေးမှာ ရှိတာပေါ့... နှင်းမှုန်ဆိုတာ ဘာမှ မသိနားမလည်တဲ့ ဆယ်ကျော်သက် ကလေးမလေး... အတန်းပညာကလဲ လေးတန်းသာ အောင်ထားပြီး... ဘဝအကြောင်းလူတွေ အကြောင်းဘာမှစိတ်မဝင်စား... သူသိတာက ယာတောထဲက အသီးတွေခူးပြီးရောင်းရင် ပိုက်ဆံရသည်လောက်သာ သိသည်..... နှင်းမှုန်တို့နဲ့ ဘေးချင်းကပ်လျက် နေတာက အလွန်ရိုးသားတဲ့ ဖိနပ်ခုတ်သမားလေး အေးညို... ဒီကောင်လေးက နှင်းမှုန်ကို ကျိပ်ပိုးနေတာ... ကံတရားက မျက်နှာသာ မပေးတော့ နှင်းမှုန် ခရမ်းခင်းက အပြန် အသက် ဆယ်နှစ်ကျော်ကွာတဲ့ မိန်းမကြီးငုတ်တုတ် ရှိပြီးသား စံလှရဲ့ ဖျက်ဆီးခြင်းကို ခံလိုက်ရတယ်... နှင်းမှုန်မှာ ကိုယ်ဝန်ရှိတော့ သူ့အမေက ဖုံးဖုံးဖိဖိနဲ့ ကိစ္စပြီးသွားအောင်စီစဉ်တယ်... ငယ်လဲငယ် စိတ်လဲဆတ်တဲ့ နှင်းမှုန်တစ်ယောက် သူ့မှာတော့ ဒုက္ခတွင်းထဲ ရောက်ပြီး လူမဆန်တဲ့ စံလှက သူ့မိန်းမနဲ့ ပျော်ပါးနေတာ မြင်တော့ မခံမရပ်နိုင်ဖြစ်ပြီး... ဖုံးထားတာတွေ ဗူးပေါ်သလိုပေါ်လာတော့တာပဲ.... တစ်ရွာလုံးသိသွားတော့ နှင်းမှုန်ခမျာမျက်နှာမပြရဲရှာဘူး... ဖြစ်ချင်ရာဖြစ်ဆိုပြီး ဆယ့်ခြောက်နှစ်သမီးသာရှိသေးတဲ့ မိနှင်းမှုန် ရွာကထွက်ပြေးလာတယ်.... အေးညိုက သူယူမယ်ပြောပေမဲ့... မာနကြီးတဲ့ မိနှင်းမှုန်ကတော့ ကိုယ့်အပြစ်ကိုယ်ပဲခံရမယ် ဆိုပြီး... ပြည်မြို့က သီလရှင်ကျောင်းကလေးမှာ ဇာတ်မြုပ်ပြီး... မင်းဥာဏ်ကို မွေးခဲ့တယ်.... စာကို ရေးတတ်ရုံ ဖတ်တတ်ရုံ လောက်တတ်တဲ့ နှင်းမှုန်ဟာ သူ့သားလေးကိုတော့ ပညာတတ်ကြီးဖြစ်စေချင်ခဲ့တယ်... မင်းဥာဏ် အသက် ၇နှစ်မှာတော့ သီလရှင်ကျောင်းမှာထွက်လာပြီး ဝါးထရံကာ အိမ်ကလေးနဲ့နေရင်း ဈေးရောင်းလို့ ရတဲ့ငွေနဲ့ သားလေး မင်းဥာဏ်ကို ကျောင်းထားတယ်... သီလရှင် ဆရာလေးတို့ရဲ့ ဆုံးမသြဝါဒ အောက်မှာ ကြီးပြင်းရတဲ့ မင်းဥာဏ်ဟာ လိမ္မာရေးခြားရှိတဲ့ အပြင် ပညာရေးမှာ ထူးချွန်တာကြောင့် ဆရာဝန်ကြီးတစ်ယောက်ဖြစ်လာတယ်... နှင်းမှုန်ကိုစောင့်နေခဲ့တဲ့ အေးညိုဘာဖြစ်သွားလဲ....... နှစ်ပေါင်း သုံးဆယ်နီးပါး ရုန်းကန်ခဲ့တဲ့ နှင်းမှုန်ကို အိမ်ကထွက်သွားထဲက မျှော်နေတဲ့ မိခင်နဲ့ရော ပြန်ဆုံနိုင်ပါ့မလား..... စံလှတစ်ယောက် ရွာမှာ ဘယ်လိုနေခဲ့လဲ...... ဆိုတာသိချင်ရင်တော့ ဒီနေရာလေးမှာ ဖတ်ရှုခံစားနိုင်ပါတယ်..... ဘဝလေးတွေ ဘဝလေးတွေတိုင်း သာယာလှပ ကြပါစေ....... နှင်းဆီဖြူ Labels: reviews |