|
|
စိတ်ရှည်သည်းခံပေးခြင်းWednesday, January 13, 2010 | 10:06 AM |
ဒီပိုစ့်လေးရေးရတဲ့ အကြောင်းကတော့ ကိုသော်ဇင်စိုးရဲ့ ဘလော့ဂ်မှာ ကွန်မန့်ပေးလို့မရလို့ပါ.. အစထဲက လူကပိန်းပါတယ်ဆို... ကွန်မန့် ပေးလို မရတော့ စိတ်ကို ညစ်သွားတာပဲ... ဒီပိုစ့်လေးကို အရင်ဖတ်ကြပါလို့..... အဲဒီထဲမှာ ပြောထားတဲ့ ဗုဒ္ဓဘာသာဝင် တွေအား ပုတ်ခတ် ရေးထားတဲ့ ဘလော့ဂ်ကို လွန်ခဲ့တဲ့ ၃ရက်လောက်က တွေ့မိလိုက်ပါတယ်... ရေးထားတာတော့ တော်တော် လွန်ပါတယ်... နှင်းဆီဖြူ ကိုယ်တိုင်က ဗုဒ္ဓဘာသာဝင် မှန်ပေမယ့် ဘုရားတရား သိပ်မလုပ်ဖြစ်ပါဘူး.. ဘုရားတရား အကြောင်းလဲ သိပ်ပြီး နှံနှံစပ်စပ် မသိဘူးဆိုတာ ဝန်ခံပါတယ်... ဒါပေမယ့် မြတ်စွာဘုရားကိုတော့ ယုံကြည်ပါတယ်... တရားတော်တွေကိုလဲ လေးစားပါတယ်... အဲမှာရေးထားတာတွေတွေ့လိုက်တော့ တော်တော် စိတ်မကောင်း ဖြစ်မိတယ်... ကိုယ်အကျိုးလဲ မရှိတဲ့ အပြင် သူများအကျိုးကိုပါ ယုတ်အောင် ရေးထားတော့ ... သူတို့ကိုလဲ သနားမိပါတယ်.... ကိုသော်ဇင့် ပိုစ့်လေး အရမ်းကောင်းပါတယ်... သည်းခံခြင်းသည် အောင်မြင်ရာ၏တဲ့ ကိုယ့်ဘာသာကို ဘယ်လောက်ပဲ စော်ကား စော်ကား... ကိုယ့်ဘာသာဝင်တွေရဲ့ မြင့်မြတ်တဲ့ စိတ်ကို ထိန်းထား နိုင်ရမယ်လေ... လူတိုင်းလူတိုင်းမှာ သူတို့ယုံကြည်ခြင်းနဲ့ သူတို့ရှိပါတယ်... သူများဘာသာကို မစော်ကားသင့်တာ မှန်ပေမဲ့ ကိုယ်ဘာသာကို စော်ကားလာရင်လဲ စိတ်ရှည်သည်းခံပေးခြင်းနှင့် အနိုင်ယူနိုင် ကြပါစေ.... 0 Dancing Queen and Prince Saysနှင်းဆီဖြူ Labels: နှင်းဆီအတွေး |