|
|
ပန်းကြွေရင် မြေပေါ်ကျပေမယ့်....Friday, January 8, 2010 | 10:56 AM |
0 Dancing Queen and Prince Saysကြယ်ကြွေတဲ့အခါ ဘယ်သူ့ရင်ခွင်ပေါ်ကျသလဲ ....." အရမ်းနှစ်သက်မိတဲ့ မင်းခိုက်စိုးစံရဲ့ ကဗျာလေးတစ်ပိုဒ်ပါ... ဒီကဗျာပိုဒ် ကလေးကို ထပ်ခါထပ်ခါ ဖတ်ရင်း တွေးကြည့်မိတယ်.... ကမ္ဘာပေါ်မှာ ကြယ်ကလေးတွေကို မြတ်နိုးတဲ့သူတွေ အများကြီးပါ... ကြယ်လေးတွေက အလင်းမဲ့ ညမှာ လမ်းပြပေးတယ်တဲ့... အေးချမ်းပြီးလှပတဲ့ ညဆိုတာ ကြယ်ကလေးတွေရှိမှ ပြည့်စုံတာတဲ့.... ကြယ်ကလေးတွေကို ချစ်ကြတယ်... မြတ်နိုးကြတယ်... ကဗျာလေးတွေ သီကုံးပြီး... သီချင်းလေးတွေ စပ်ဆို ကြတယ်... ချစ်သူအတွက် ကောင်းကင်ပေါ်က ကြယ်လေးတွေကိုတောင် ဆွတ်ခူးပေးမယ် ဆိုပြီး လိမ်ကြတယ်...း) ဒါပေမဲ့ အားလုံးသိတဲ့ အတိုင်း ကြယ်ဆိုတာ ကမ္ဘာမြေနဲ့ မိုင်သန်းပေါင်းများစွာမှာ ရှိနေတဲ့ ပူပြင်းစွာတောက်လောင်နေတဲ့ အလျှံတညီးညီး မီးခဲကြီးတွေလေ... တကယ်လို့များ အဲ့ဒီလူတွေ ချစ်ပါတယ် မြတ်နိုးပါတယ် ဆိုတဲ့ ကြယ်တွေထဲက တစ်ပွင့်လောက်သာ ကမ္ဘာပေါ်ကို ကျလာမယ်ပဲထား.... ဘယ်သူကများ သူ့ရင်ခွင်မှာ ခိုဝင်ခွင့်ပေးမှာလဲ.... လူဦးရေသန်းပေါင်း ထောင်ချီထဲက ဘယ်သူကများ ကြယ်ကလေးဆင်းသက်ဖို့ သူ့ရင်ခွင်ကို စတေးခံမှာလဲ?????????? နှင်းဆီဖြူ ----,-'--@ Labels: နှင်းဆီအတွေး |