|
|
“ဖေဖေ”Thursday, January 7, 2010 | 3:21 PM |
0 Dancing Queen and Prince Saysဒီနေ့တော့ ဘာမှ ရေးချင်စိတ်မရှိလို့ မရေးတော့ဘူးဆိုပြီး နေတာ... မရေးပြန်တော့လဲ ပျင်းလာပြီး ဘာလုပ် ရမှန်းသိဘူး ဖြစ်နေတယ်... ဟားဟား.... အဲဒါကြောင့် ရေးချင်စိတ်မရှိဘူး ဆိုတာသိအောင် ရေးနေတာ.... ဟီးဟီး.... ရေးပြန်တော့လဲ အရှိန်လေးက ရလာတော့ ရေးစရာလေးတွေ တွေးမိပြန်ရော... အမေ အကြောင်းကို ကဗျာလေး တစ်ပုဒ်အနေနဲ့ ရေးခဲ့ဖူးပါတယ်... ဒီနေ့တော့ အဖေ့ အကြောင်းလေး ရေးချင်တယ်... အရမ်းကြိုက်တဲ့ အဖေနဲ့ ပတ်သတ်တဲ့ သီချင်းလေးကို စိတ်ကူးရသလို ပြုပြင်ပြီးရေးထားပါတယ်... သီချင်းလေးနဲ့ တော့ တိုက်ရိုက်ကြီးတူမှာမဟုတ်ပါဘူး..... သီချင်းလေးကိုသိရင်လဲ စီဘောက်စ်မှာ လာဆိုလို့ရပါတယ်... အသံထွက်အောင်ဆို နိုင်ရင်တော့ ဆုကြေးငွေ ရရှိမှာ ဖြစ်ပါတယ်... :P ဟီးဟီး (ဘယ်လောက်လဲ မေးနဲ့.... ပြောဘူး... သတ်ချင်သတ်လိုက်) “ဖေဖေ” ငါ ငါးနှစ် သမီး အရွယ်တုန်းကပေါ့..... မတော်တရော် ကုဒ်အင်္ကျီ အကြီးကြီး ဝတ်ထားတဲ့ငါ... ဖေဖေ့ဆီ ပြေးသွားရင်းနဲ့ ဘာကြောင့်မှန်းမသိ ငါရယ်နေမိခဲ့တယ်... အိမ်အပြန်လမ်းမှာ ဖေဖေ့ပေါင်ပေါ် အိပ်မောကျနေလေ့ရှိတဲ့ငါ..... အဲဒီတုန်းက ဘာလို့ သစ်ရွက်တွေ အရောင်ပြောင်းမှန်း မသိသေးတဲ့ အရွယ်.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... ဖေဖေဟာ ဘာကိုမှ ကြောက်ရွံ့နေတတ်တဲ့ လူစားမဟုတ်ဘူးဆိုတာပဲ.... အဲဒီတုန်းက ပုံပြင်ထဲက မနှင်းဖြူမင်းသမီးလေးရဲ့ နန်းတော်ကြီးဟာ.... ငါ့အိမ်နဲ့ နီးသလားဝေးသလားတောင် မသိတတ် သေးတဲ့အရွယ်.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အဲဒီနေ့က ငါ့အတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတစ်နေ့ဆိုတာပဲ.... ငါ ဆယ့်သုံးနှစ် သမီး အရွယ်တုန်းကပေါ့..... သူငယ်ချင်းတွေ ရန်စကြလို့ ဝမ်းနည်းပက်လက် အိမ်ပြန်လာခဲ့တယ်.... ဖေဖေက ခပ်တင်းတင်းဖက်ကာ ကားသော့ယူပြီး မြို့ထဲမှာ ကားပတ်မောင်းပေးတယ်... ငါတို့ စကားတွေ အများကြီးပြောပြီး ပစ္စည်းလှလှလေးတွေ လျှောက်ကြည့်ကြတယ်... နောက်နေ့ကျောင်းမှာ ဘယ်သူနဲ့ စကားပြောရမှာလဲ ငါမသိဘူး.... ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အိမ်အပြန်လမ်းမှာ ငါ ဟက်ဟက်ပတ်ပတ်ရယ်နေခဲ့တယ် ဆိုတာပဲ... သူတို့နဲ့ ဘယ်တော့မှ ပြန်အဆင်ပြေမယ်ဆိုတာ ငါမသိဘူး.. ဒါပေမဲ့ ငါသိတာ တစ်ခုကတော့ ..... အဲဒီနေ့က ငါ့အတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတစ်နေဆိုတာပဲ.... အခုတော့ငါ... သစ်ရွက်တွေ ဘာကြောင့် အရောင်ပြောင်းတတ်မှန်း သိပြီလေ... ငါအမှားလုပ်မိတဲ့ အချိန်တွေမှာတောင် ငါဘက်မှာ မားမားမတ်မတ် ရပ်တည်ပေးတတ်တဲ့ ဖေဖေ..... အသိဥာဏ်ဆိုတဲ့ မျက်ဝန်းတစ်စုံကို ပေးခဲ့တဲ့ ငါချစ်ရတဲ့ ဖေဖေ.... ဖေဖေသိမလားတော့ မသိဘူး... ဒါပေမဲ့ အခွင့်ကြုံတုန်းလေး သမီးပြောပါရစေ... ဖေဖေ သမီးရဲ့ အနားမှာ ရှိနေသရွေ့တော့.. အဲဒီနေ့တွေက သမီးအတွက် ပျော်စရာ အကောင်းဆုံး နေ့လေးတွေဖြစ်နေမှာပါ.... နှင်းဆီဖြူ မရေးချင်ဘူးဆိုပြီး ညာတယ်တော့ မထင်ပါနဲ့ .. ဟီးဟီး... အရှိန်ရသွားလို့ပါ.... နော်.. ^___^V Labels: နှင်းဆီအတွေး |