|
|
TelepathyMonday, December 21, 2009 | 10:13 AM |
0 Dancing Queen and Prince Saysနင် Telepathy ဆိုတာကြားဖူးလားဟင်… လူတစ်ယောက်နဲ့ တစ်ယောက် စိတ်ချင်းဆက်သွယ်တဲ့ သဘောမျိုးတဲ့... စိတ်စွမ်းအားကောင်းတဲ့ လူတစ်ချို့ကတော့ တစ်ခြားသူတစ်ယောက်ကို စိတ်နဲ့စကားတွေပြောလို့ရတယ်တဲ့… အဲ့ဒီ Telepathy ကိုသာမန်လူတွေလဲ ခံစားလို့ရတတ်တယ်တဲ့… တစ်စုံတစ်ယောက်က ကိုယ့်အကြောင်းကို ပြင်းပြင်းထန်ထန် စဉ်းစားနေတဲ့ အခါမှာ အဲဒီတစ်စုံတစ်ယောက်ကို အိပ်မက်မက်တတ်တယ်တဲ့… ငါဒီအကြောင်းတွေ ပြောပြတော့ နင်ကရယ်တယ်…း) … နင့်လို လက်တွေ့ဆန်တဲ့လူတစ်ယောက်က ဒီလိုအကြောင်းတွေ မယုံတာ သဘာဝကျပါတယ်လေ… ငါတစ်ခုပဲ တောင်းဆိုချင်တယ်… နင့်ကို ငါ့အိပ်မက်ထဲမှာ ညတိုင်းတွေ့ပါရစေ… ^-^ နှင်းဆီဖြူ ( ဘာလေးမှန်းတော့သိဘူး… စိတ်ထဲပေါ်လာလို့.. ရေးလိုက်တာ.. ကဗျာလဲ မဟုတ် ဝတ္ထုလဲ မဟုတ်… အူကြောင်ကြောင် စာပိုဒ်ကလေးတစ်ခု အနေနဲ့ စာဖတ်သူရဲ့ ရင်ထဲကို ခံစားချက် ပိစိကွေးလေး ရောက်သွားတယ်ဆို ကျေနပ်ပြီ… ^^ ) Labels: နှင်းဆီအတွေး |