|
|
ပူလာအိုပင်နှင့် မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၁)Friday, December 25, 2009 | 2:52 PM |
0 Dancing Queen and Prince Says“ပူလာအိုပင်နှင့် မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၁)” “ဟင့်အင်း.. ဖေဖေ .. သမီးသွားမှဖြစ်မှာ..” နန္ဒာအကြောက်အကန်ငြင်းမိသည်… ဟုတ်တယ်လေ… အခုပဲ ပိုလီနောက်ဆုံးနှစ် ရောက်နေပြီ… ဒီနှစ်ညအိပ်သုံးရက် ခရီးလေးကို ဖေဖေ မလွှတ်တာမတရားဘူး… ဒါပေမဲ့ ဖေဖေက နန္ဒာ့ကိုအတင်းအကျပ် ပိတ်ပင်မှာ မဟုတ်မှန်း နန္ဒာကောင်းကောင်းသိသည်… မေမေနေမကောင်းလို့ နန္ဒာကိုဝေးဝေးလံလံ မသွားစေချင်နေမှန်းလဲသိသည်… ဒါပေမဲ့မတတ်နိုင်ဘူးလေ… သူငယ်ချင်းတွေအားလုံးကို လိုက်ဖြစ်အောင်လိုက်မယ်လို့ ကတိပေးပြီးသွားပြီ… နောက်ဆုံးတော့လဲ နန္ဒာသွားမယ်ဆို ဖေဖေခွင့်ပြုရမှာပဲ… “သမီးရေ… နန္ဒာ… ကဗျာ့ဆီကဖုန်း” “ဟုတ်ကဲ့.. ဒေါ်လေး” … ကဗျာကနန္ဒာ့သူငယ်ချင်းတွေထဲမှာ ချစ်စရာအကောင်းဆုံး… နှစ်ယောက်စလုံးက စိတ်တူကိုယ်တူဆိုတော့ သဘေားထားချင်းတိုက်ဆိုင်ပြီး တော်တော်တွဲမိသည်… အခုပူလာအိုပင်ကိုသွားဖို့ လိုက်မှာသေချာသွားတာ ငါးယောက်ရှိပြီဖြစ်ကြောင်း ကဗျာက လှမ်းအကြောင်းကြားခြင်းဖြစ်သည်… ပြီးတော့ယူသွားရန်လိုအပ်သည့် ပစ္စည်းတချို့ကိုလည်း မမေ့ရန်မှာနေခြင်းဖြစ်သည်… ပူလာအိုပင်သို့ သွားမည့်အုပ်စုတွင် နန္ဒာအပါအဝင် မိန်းကလေးသုံးယောက်နှင့် ယောက်ျားလေး နှစ်ယောက်ပါမည် ဖြစ်သည်… မနက်ဖြန်သွားရတော့မည်ဆိုတော့ နန္ဒာစိတ်လှုပ်ရှားနေမိသည်… နန္ဒာတို့ အစီအစဉ်ဆွဲထား သလောက်ကတော့ နှစ်ညအိပ်မည်ဖြစ်ပြီး ဒုတိယညတွင် night walk လျှောက်မည်ဟု စီစဉ်ထားသည်… နန္ဒာတို့ တစ်ဖွဲ့လုံးက စွန့်စားရတာကြိုက်သည်… ဒါကြောင့်လဲသူတို့ တစ်ဖွဲ့လုံး Adventure Seekers ဆိုတဲ့အဖွဲ့ကိုဝင်ထားတာပေါ့… ဘာပဲဖြစ်ဖြစ် နန္ဒာကတော့ ဒုတိယည လမ်းလျှောက်ထွက်ဖို့ကို စိတ်အားသန်နေသည်… နန္ဒာတို့ရောက်လာပါပြီ… ပထမနေ့တော့ အားလုံးလဲပင်ပန်းနေကြသည်… ရောက်ကတည်းက အနားယူကြပြီး ညနေ စက်ဘီးစီးဖို့ ပြင်ဆင်ကြသည်… ရေဘူး ချွှေးသုတ်ပုဝါ အကုန်ပါသည်… အုပ်စုလိုက်စီးကြတော့ တော်တော် ပျော်စရာကောင်းသည်…း) … ပြန်ရောက်တော့ ရေမိုးချိုးပြီး နောက်တစ်နေ့ အတွက် အစီအစဉ်တွေကို ခေါင်းဆောင်ဖြစ်တဲ့ ကာရံက သေချာရှင်းပြသည်… ကာရံက နန္ဒာတို့အုပ်စုတွင် အသက်အကြီးဆုံး… ပြီးတော့သူက ကဗျာ့အစ်ကိုလေ… အရင်ထဲကလဲ ဒီလို Camp မျိုးတွေထွက်ဖူးတော့ နန္ဒာတို့ထက်တော့ အတွေ့အကြုံရှိတာပေါ့… ကာရံက နန္ဒာတို့အားလုံးကို သတိ ဝိရိယ ရှိကြဖို့နှင့် တစ်ခုခုဆို တစ်ဖွဲ့လုံးကိုပြောဖို့ မှာနေလေသည်… နောက်ပြီး ၂နာရီလောက် တောထဲမှာ လမ်းလျှောက်မှာဆိုတော့ မြွေပါးကင်းပါးသတိထားဖို့ အဝတ်အစားတွေကိုလဲ ထူထူနဲ့လုံလုံခြုံခြုံ ဝတ်ဖို့ လည်းမှာသေးသည်…း) .. အားလုံးတူတူသွားကြရတော့ ဘာမှတော့ကြောက်စရာမရှိဘူးပေါ့… ဒါပေမဲ့ ပူလာအိုပင်ဆိုတာ အရင်ထဲက သရဲတစ္ဆေတွေနဲ့ ပတ်သတ်ပြီး နာမည်ကြီးနေတော့ နန္ဒာနည်းနည်းတော့ ကြောက်မိတာ ဝန်ခံပါတယ်… သူငယ်ချင်းတွေ အများကြီးပါတာပဲ ဘာဖြစ်မှာမို့လဲဟု ကိုယ့်ကိုယ်ကို ပြောရင်း အားတင်းလိုက်သည်… ညအမှောင်က တိတ်ဆိတ်လွန်းနေသည်…. တောထဲရောက်နေလို့ပဲလား ညကပဲမှောင်မိုက်လွန်းတာလား နန္ဒာ မပြောတတ်တော့… ကောင်းကင်ကို မော့ကြည့်တော့.. လရောင်မပြောနဲ့ ကြယ်လေးတွေတောင်နန္ဒာတို့အုပ်စုကို ဥပေက္ခာပြုထားကြသည်… လမ်းလျှောက်သံ နှင့် ပုရစ်ကလေးတွေ အော်သံမှအပ ပတ်ဝန်းကျင်တစ်ခုလုံး ငြိမ်သက်ခြင်းအတိ…. “အား!!!” နန္ဒာ့ဆီမှ စူးစူးဝါးဝါးအော်သံ… (အပိုင်း - ၂ ဆက်ရန်…) (ဒီ ပို့စ်ကလေးက သူငယ်ချင်းတစ်ယောက်ရဲ့ တကယ်ကြုံတွေ့ခဲ့ရတဲ့ ဖြစ်ရပ်မှန်ပါ… နှင်းဆီဖြူရဲ့ သူငယ်ချင်းကိုတော့ နန္ဒာ အဖြစ်အမည်ပြောင်းလဲ ရေးထားခြင်းဖြစ်ပါတယ်… ) ________________________________________________________________ |