|
|
ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၂)Wednesday, December 30, 2009 | 10:02 AM |
0 Dancing Queen and Prince Says“ပူလာအိုပင်နှင့်မကြားရ မမြင်ရသော ပရလောက (အပိုင်း - ၂)” တစ်ဖွဲ့လုံး နန္ဒာ့ကို လှည့်ကြည့်ကြသည်.. အမှန်တော့ နန္ဒာအတွေး နယ်ချဲ့နေရင်း ခလုတ်တိုက်မိလို့ လန့်ပြီးအော်ခြင်းသာ… နန္ဒာတို့တစ်ဖွဲ့လုံး ဝါးကနဲ ပွဲကျသွားသည်… နန္ဒာလဲရှက်ရှက်နှင့် သူတို့နဲ့အတူရောပြီး ရယ်မိလေသည်… နန္ဒာ့ကိုစိုးရိမ်တစ်ကြီး ကြည့်နေသူတစ်ယောက်တော့ရှိသည်…. ကာရံ……. နန္ဒာ ကာရံကို မေးချင်သည်… နန္ဒာချော်လဲပြီးအော်တော့ ဘာလို့မရယ်တာလဲလို့… “ထားလိုက်ပါလေ… သူဘာသာမရယ်ချင်လို့ မရယ်တာပေါ့ … ငါနဲ့ဘာဆိုင်လို့လဲ” ဟုနန္ဒာတွေးလိုက်သည်… နောက်တော့လဲ မေ့မေ့ပျောက်ပျောက် ဖြစ်ကာနန္ဒာတို့ camp ချထားရာနေရာကို ပြန်လာလေသည်…. အရာအားလုံးဟာ ပုံမှန်အတိုင်းပဲလို့ နန္ဒာသိသည်… ဒါပေမယ့် နန္ဒာ့စိတ်ထဲမှာ တစ်ခုခုကြောင့် စိတ်တွေလေးနေသည်… ဘာကြောင့်လဲတော့ အတိအကျမသိ…. “နန္ဒာ….” “သြော်… ကာရံ…း) .. မအိပ်သေးဘူးလား” “ဟားဟား…. ကျွန်တော်ကအမြဲနောက်ကျမှ အိပ်တတ်တာ နန္ဒာရဲ့… ” “ဒါနဲ့ နန္ဒာနေကောင်းပါတယ်နော်… ကြည့်ရတာ ဖြူဖတ်ဖြူရော်နဲ့” “ဟာ.. နေကောင်းပါတယ်… လမ်းလျှောက်ထားတာ များလို့ခြေထောက်တွေ နာနေတာပဲ ရှိတာ” @_@ <<< (ကာရံ :P) ကာရံချက်ခြင်း တည်သွားသည်… သူချော်လဲတုန်းက ကြည့်တဲ့စိုးရိမ်နေတဲ့ မျက်ဝန်းတွေ…. ဒီမျက်ဝန်းတွေကို နန္ဒာ ကောင်းကောင်းမှတ်မိသည်… “ဘာဖြစ်လို့လဲ ကာရံ….” “သြော်.. ဘာမှမဖြစ်ပါဘူး… နန္ဒာ အိပ်တော့လေ မနက်ကျ အိပ်ရေးမဝ ဖြစ်နေဦးမယ်...” “ဟုတ်ကဲ့” ဟုပြောပြီးနန္ဒာ တဲထဲဝင်လာလိုက်သည် … အိပ်လို့တော့မပျော်ခြေ… နန္ဒာခြေထောက်တွေ အရမ်းနာနေသည်…. ဒီလောက်ကလေး လမ်းလျှောက်တာတောင် မခံနိုင်တဲ့ ကိုယ့်ကိုယ်ကိုပဲ အပြစ်တင်မိသည်…. နောက်တစ်နေ့ နေ့ခင်းဘက်လောက် သူတို့အားလုံး အိမ်ပြန်ရောက်ကြသည်…. ထိုနေ့ညနန္ဒာ ဖျားလေတော့သည်… အစကတော့ ဖေဖေက ခရီးပန်းလာလို့ဟုထင်သည်… နောက်တော့ ကိုယ်ပူတာကျမသွား…. ပိုဆိုးလာသည်…. ဒီနေ့ နဲ့ဆို သုံးရက်ရှိပြီ…. တစ်ခါတစ်လေ အဖျားတတ်ပြီး ဂယောင်ဂတမ်းတွေ အော်သည်အထိဆိုးလာသည်… (အပိုင်း - ၃ ဆက်ရန်…) |